လားရှိုးမှာ ကားအတွင်းမှ လက်နက်/ခဲယမ်း အများအပြား ဖမ်းဆီးရမိ

တာချီလိတ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော WISH/အဖြူရောင် (လိုင်စင်မဲ့) ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာတွင် လက်နက်/ ခဲယမ်းများနှင့်အတူ ယာဉ်မောင်းအား ဖမ်းဆီး ရရှိခဲ့ပါသည်။

(၁) တရုတ်နိုင်ငံထုတ် စက်လက် -၅ လက်
(၂) Type-81-1 မောင်းပြန်ရိုင်ဖယ် -၄ လက်
(၃) တူရကီ နိုင်ငံထုတ်MK– 12 Buffer Bolt System -၁ လက်
(၄) ဂျာမနီနိုင်ငံထုတ် HK-MP-5 သေနတ် -၁ လတ်
(၅) အီတလီ နိုင်ငံထုတ် Pletro Berella ပစ္စတို -၁ လက်
(၆) ကျည် -၁၂၅ တောင့်
(၇) ကျည်အိမ်မျိုးစုံ -၁၅ ခု
(၈) စက်လက်ကျည်ခါးပတ်တွဲ -၄ ခု တို့အား ဖမ်းဆီးရမိခဲ့ပါတယ်။