လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းအား သွားရောက်လှူဒါန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြိုရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့်ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းတို့အား လှူဖွယ်ပစ္စည်းများသွား ရောက်ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျောင်းတိုက်ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုမနအမှူးပြုသည့် သံဃာတော်များအားဖူးမြော်ကြည်ညိုပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ကလေးငယ်များပညာသင်ကြားရေး ဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူတော်ငွေများ၊ဆွမ်းဆန်တော်၊ဆီနှင့်စားသောက်ဖွယ်ရာပစ္စည်းများနှင့်လဟယ်မြို၊ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၀ တိုအား ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။