ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေအတွင်း နောက်ဆုံးရရှိ သတင်းများ

နိုဝင်ဘာ ၁၈

■   နောင်ချို

       ပြင်ဦးလွင် – နောင်ချို အကြား စမ္မစယ်ကျေး ရွာအနီးရှိ ကြံခင်းများအတွင်းသို့ သုံးဆယ်ကျေး ရွာဖက်တွင်ခိုအောင်းနေသော အကြမ်းဖက်များ တဖြေးဖြေးချဉ်းကပ်လာခဲ့သည့်အတွက် ယနေ့ နံနက် ၂ နာရီအချိန်ခန့်တွင် တပ်မတော်လေမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း (ယမန်နေ့ ညပိုင်းကထဲက မိုးသည်းထန်စွာရွာနေသည့်အတွက် အခြေ အနေအသေးစိတ်အား မသိရသေးပါ။)၊ ယမန်နေ့ ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက် ခန့်မှန်း ၁၅ ဦးသည် မိုးသည်းထန်စွာရွာနေစဉ် ဂုတ်တွင်းအနောက်ဖက်ရှိ မတ်စောက်သော တောင်ကြောအတိုင်းလျှောချ၍ တပ်မတော်လုံခြုံရေးတံတားကင်းအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ လုံခြုံရေးစစ်ကြောင်းများမှ လိုက်ခံရှင်း လင်းခဲ့ရာ အကြမ်းဖက်များတောင်ပေါ်သို့ တက်ပြေးရန်မဖြစ်နိုင်သကဲ့သို့ အောက်နှင့် ဘေးဝဲယာ တို့တွင် တပ်မတော်စစ်ကြောင်းများရှိနေကြောင်း၊ အကြမ်း ဖက်များ အကျအဆုံး ရှိနိုင်သော်လည်း သွားလာရအလွန်ခက်ခဲ့သည့် တောင် စောင်းဖြစ်၍ အတည်မပြုနိုင်သေးကြောင်း၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် အသံများ လုံးဝငြိမ်းသက်သွားခဲ့ကြောင်း သိရသည်။

■   ကျောက်မဲ

       ကျောက်မဲမြို့တွင်း အလှူရှင်အချို့ ဆန်နှင့်ကြက် ဥ အခမဲ့ဝေငှသည်များတွေ့ရပြီး အကြမ်း ဖက်အဖွဲ့နှင့် ဆက်နွှယ်မှု့ရှိမရှိ စုံစမ်းဆဲဖြစ် ကြောင်း၊ နိုဝင်ဘာ ၁၆ ရက်၊ ကျောက်မဲ – ဂုတ်တွင်း ပြည်ထောင်စုကားလမ်းဘေး၊ ပင်တိန်ကျေးရွာ (ယခင် ၂၀၂၀ တွင် NLD ပါတီမှ အမျိုးသားလွှတ်တော်အနိုင်ရသည်ဆိုသည့်အမတ် ထိုက်ဇော်အား သတ်ဖြတ်ခဲ့သည့်ရွာ)အနီးရှိ ဧဒင်စားဥယျာဉ်အတွင်း အကြမ်းဖက်ပူးပေါင်းအဖွဲ့ နေ့လည်စာစားပြီး အစည်းအဝေးပြုလုပ်ချိန်၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ချေ မှုန်းခဲ့ကြောင်း၊ အဆောက် အဦး ၉၀ % ပျက် စီးပြီး အကြမ်းဖက် ၈၀ %ကျော်သေဆုံးခဲ့ကြောင်း သတင်းများကျယ်ကျယ်ပျံ့ပျံ့ထွက်ပေါ်လျက်ကြောင်း၊  အတည်မပြုနိုင်သေးသော သတင်းအရ ကျောက်မဲခရိုင်တာဝန်ခံ တာလှကျော် ၄င်းတိုက်ပွဲတွင်သေဆုံးသည်ဟု သိရကြောင်း၊ ယမန် နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ကျောက်မဲမြို့ နယ်အတွင်းရှိ အကြမ်းဖက်အဖွဲ့များမှ ၄င်းဒေသအတွင်း ဒဏ်ရာရရှိသည့် အကြမ်း ဖက်များအား ဆေးဝါးကုသပေးရန် အတွက် တောတွင်းသို့ သယ်ယူရန် ဝမ်ဟိုင်းလက်နက်ကိုင်အဖွဲ့ထံ လမ်းကြောင်းဖွင့်ပေးရန် အကူညီတောင်းခဲ့ကြောင်း သိရသည်။

■   လားရှိုး

        ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် အမည်မသိ အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့် အမှတ်(၁)ရပ် ကွက်အတွင်း ဖြတ်သန်းမောင်းနှင်စဥ် လုံခြုံရေးအဖွဲ့များမှ တားဆီးသော်လည်း ရပ်တန့်ခြင်းမရှိ၍ ပစ်ခတ်ခဲ့ရာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း၊ မာရှယ်လောဥပဒေကို ပြဋ္ဌားန်းကြေညာထားသော်လည်း လားရှိုးမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်များအတွင်းရှိ ပြည်သူလူထုသိရှိရန် ကြေညာခြင်း၊အသိပေးခြင်းမပြုလုပ်ကြောင်း၊ အချို့သော နယ်မြေမှူးများ၏ တင်ပြမေးမြန်းချက်များကိုလည်း ဖြေကြားခြင်းမပြုကြောင်း၊ ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် အမှတ်(၄၁) လုံခြုံရေးဂိတ်ဖက်မှ ပစ်ခတ်သံကြားရပြီး အကြောင်းအရင်းမသိရသေးကြောင်း၊ အလားတူ ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင်လည်း ပေါက်ကွဲသံကြားရပြီးအကြောင်းရင်းမသိရသေးကြောင်း သိရပါသည်။

■   သီပေါ

        ထူးခြားမှု့မရှိ ကျင်သီတံတားအား နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့က ဖောက်ခွဲဖျက်ဆီးပြီးနောက်လက်ရှိအချိန်ထိ အသုံးမပြုနိုင်သေးကြောင်း သိရသည်။

■   သိန္နီ

       အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက အစိုးရဝန်ထမ်းများ၊ NLD ပါတီကိုမထောက်ခံသည့် နိုင်ငံရေးပါတီဝင်များ၊ တပ်မတော်သားမိသား စုများ၊အငြိမ်း စားဝန်ထမ်းများအားလုံး တစ်အိမ် တက်ဆင်း စာရင်းဖြင့် လိုက်လံဖမ်းဆီးနေကြောင်း သတင်းရရှိပါသည်။

#PAN