“ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် ၂ ဦးကို ၎င်းတို့၏ မိဘများထံ ပြန်လည်အပ်နှံ”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော ရွာငံမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးတို့ကို အောက်တိုဘာ ၂၁ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သူများကို တာဝန်ရှိသူများက သိသင့်သိထိုက်သော တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်း ပြောကြားကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးမှ မိဘအုပ်ထိန်းသူများထံသို လွှဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။