တပ်မတော်မှ စစ်ရေးပစ်မှတ်များကို ထိထိရောက်ရောက်ချေမှုန်းလျက်ရှိ

ယနေ့အချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့်အပြစ်မဲ့ပြည်သူများကို ဒလန်စွပ်စွဲသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိနေပါတယ်။ အကြမ်းဖက်တွေအနေနဲ့ ဘာသာရေးအဆောက်အဉီးများ၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများ နှင့် အများပြည်သူပိုင်အဆောက်အဉီးများကို အကာအကွယ်ယူ စခန်းချနေထိုင်နေကြတာပါ။ ဒါကြောင့်မို့ တပ်မတော်မှလည်း အကြမ်းဖက်သောင်းကျန်းသူများကို လိုက်လံချေမှုန်းခြင်း၊ စစ်ရေးပစ်မှတ်ဖြစ်သည့် အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်းများ၊ ခြေကုတ်ယူရာ နေရာများကို ထိထိရောက်ရောက်လိုက်လံ ချေမှုန်းလျက်ရှိတာမို့ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ထိခိုက်သေဆုံးမှုများ များပြားလာလျက်ရှိသလို အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူလူထုမှလည်း တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်လာကြပြီး အကြမ်းဖက်များ၏ လှုပ်ရှားမှု သတင်းများကို ပေးနေတာမို့ သောင်းကျန်သူများအနေဖြင့် နေရာကျုံ့လာပြီး ဇာတ်လမ်းဆင် လုပ်ဆောင်လာကြပါတယ်။ သူတို့အနေနဲ့ ပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်ထောက်ခံသူတွေကို ပူးပေါင်းပြီး တပ်မတော်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ပစ်မှတ်များကို တပ်မတော်မှ တိုက်ခိုက်နေသယောင်ရေးသားခြင်း၊ ၎င်းတို့အခြေချနေထိုင်နေသည့် စာသင်းကျောင်းများကို တပ်မတော်မှ ဝင်ရောက်ရှင်းလင်းလျှင်လည်း တပ်မတော်ကပဲ စာသင်ကျောင်းတွေကို တိုက်နေသလို စသည့် တို့ကို လေလှိုင်းပေါ်တင်ပြီး ပြည်သူတွေကို သတင်းအဆိပ်ကျွေးဆောင်ရွက်လာနေကြပါတယ်။ ၎င်းတို့အနေဖြင့် အနောက်ဩဇာခံ မီဒီယာများနှင့် ပူးပေါင်းပြီး တပ်မတော်နှင့်ပြည်သူကြား စိတ်ဝမ်းကွဲစေရန်ရည်ရွယ်ချက်ရှိရှိ သွေးကွဲအောင် ဆောင်ရွက်နေတာမို့ ပြည်သူများ အနေဖြင့် ပြည်ပဩဇာခံမီဒီယာများ၏ အဆိပ်ကျွေးသတင်းများကို မယုံကြည်ကြဖို့လိုအပ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို အမြဲဦးထိပ်ပန်ဆင်သော တပ်မတော်ဖြစ်သည်။