ရွှေဘိုမြို့နယ် ဘုန်းဘွဲကျေးရွာနှင့် ဇီးတောကျေးရွာ ကြားတွင် ယာဉ် ၁ စီးအား PDF များက မိုင်းဆွဲ

မတ်လ ၂၅ ရက်က ညနေ ၄ နာရီခန့်တွင် ရွှေဘိုမြိုနယ် ဘုန်းဘွဲကျေးရွာနှင့် ဇီးတောကျေးရွာကြားတွင် PDF များသည် ကောက်ကျစ်ယုတ်မာစွာဖြင့် ခရီးသည်ယာဉ် ၁ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ PDF များ၏ ကောက်ကျစ်ယုတ်မာစွာဖြင့် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော သံဃာတော် ၁ ပါး၊ အပြစ်မဲ့ပြည်သူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပြီး ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးများကုသပေးလျက်ရှိကြောင်း သိရှိရပါသည်။