ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက် လူကူးဥမင်လမ်းဖောက်မည်

မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား (၂) စင်းပါဝင်သည့် မြေအောက်လမ်းကူးလူသွားဥမင်အား ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်အားဆက်သွယ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်အား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးနှင့် ခေတ်မီအခြေခံအဆောက်အဦးတစ်ခု ထပ်မံပေါ် ပေါက်လာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်မှ ကြီးကြပ်ကာတည်ဆောက်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။