ရွှေတိဂုံစေတီတော်၌ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟစာ အောင်ဆုနှင်းသဘင် အခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့သည် ရွှေတိဂုံစေတီတော်အား ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ကာ  ဗုဒ္ဓမြတ်စွာ သာသနာတော် စည်ပင်ပြန့်ပွားထွန်းကား စေရန်ရည်ရွယ် ကျင်းပသည့် (၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာအောင်   ဆုနှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ  ၈  ရက်တွင်  ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်  မြောက်ဘက်ရှိ   ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပခဲ့ပါတယ်..

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်  ဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သီးခြား စာချတန်းအောင် စေတိယင်္ဂဏပရိ ယတ္တိဓမ္မာစရိယဂန္ထဝါစက    ဘွဲ့ရသံဃာတော် လေးပါးနှင့် သီးခြား စာသင်တန်းအောင် စေတိယင်္ဂဏ  အဘိဝံသဘွဲ့ရသံဃာတော် ၁၁  ပါးတို့အား  ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်နှင့်  လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြပြီး အလှူရှင်များနှင့် တာဝန်ရှိသူ တို့က ပင့်သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ….တိပိဋကသြဝါဒါစရိယ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်    စေတိယင်္ဂဏနာယက  အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ စေတိယင်္ဂဏ ပဝရသီရိမဟာ ဓမ္မဂုရု သ.စ.အ ဓမ္မာစရိယဝဋံသကာပါဠိပါရဂူ  ဘဒ္ဒန္တနာရဒါဘိဝံသ  လှရတနာ  ဆရာတော်ထံမှ   အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြောင်း သိရှိရပါတယ်