ရွှေတိဂုံစေတီတော်မှာ တပေါင်းပွဲတော်ကို (၁၀)ရက်ကျင်းပမည်

(၂၆၁၁)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၅ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်ပြီးဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ   စသည့်ပူဇော်ခြင်း အရပ်ရပ်ကို စီစဉ်ဆောင်ရွက်မှုများအပြင်“ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို လှည့်လည် အပူဇော်ခံတာ၊ သြဝါဒါစရိယ ဆရာတော်ကြီးတွေအပါအဝင် ပင့်သံဃာ အပါး ၁၀၀ ကျော်ကို  ဆွမ်းဆန်စိမ်းလောင်းလှူမှာဖြစ်တယ်လို့လည်းသိရပါတယ်။