ရွှေကျင်မြို့နယ်မှာ စစ်သား ၃၀ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရတယ်လို့ မြေလတ်အသံ မှ သတင်းအတုရေး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်သားတွေကို ဇူလိုင်လ ၂၁ ရက် နေ့လည် ၁ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် ၃၀ ဦးထက်မနည်း သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/ PDF အဖွဲများ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ KNU/ KNLA/ PDF တွေ ခုရက်ပိုင်းမှာ အသေအပျောက်များနေတာကို မြေလတ်အသံမှ အမှန်မရေးဘဲ စစ်သား ၃၀ ဦး ထက်မနည်းသေဆုံးကာ ၁၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်ဆိုပြီး လူထင်ကြီးအောင် စိတ်ကူးယဉ် လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FACT-CHECK