ရော်ဘတ်တို မာတီးနက်ဇ် တစ်ယောက်လည်း ပေါ်တူဂီအသင်းရဲ့ နည်းပြလောင်း စာရင်းမှာ ပါဝင်လာ

ရော်ဘတ်တို မာတီးနက်ဇ် တစ်ယောက်လည်း ပေါ်တူဂီအသင်းရဲ့ နည်းပြလောင်း စာရင်းမှာ ပါဝင်လာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ လက်ရှိချိန်ထိ မဆုံးဖြတ်ရသေးပေမယ့် ပေါ်တူဂီဟာ ဘယ်လ်ဂျီယမ်နည်းပြဟောင်းကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားလာတာပါ။

မာတီးနက်ဇ်ဟာ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယမ်နဲ့အတူ အောင်မြင်မှု မရရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ စိတ်ဝင်စားမှုအတော်များများကို ရရှိထားတယ်လို့လည်း သိရပါတယ်။