ရေဦးမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးသေတယ်လို့ Mizzima မှ သတင်းအမှားရေး

ရေဦးမြို့နယ် ရွှေကျီးမင်းဂိတ်နှင့် ဂါဝီဂိတ်တို့တွင်တပ်စွဲထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်မှ ၈ နာရီ ၅ မိနစ် အချိန်ထိ ဒရုန်းဖြင့် ဗုံးသီး ၁၂လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်သား ခြောက်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကာ ရေဦးမြို့ဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်း Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ နိုဝင်ဘာလ ၇ ရက်နေ့ ရေဦးမြို့နယ် ရွှေကျီးမင်းဂိတ်နှင့် ဂါဝီဂိတ်တို့တွင် PDF များဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF ဂုဏ်ဖော်ပြီး သတင်းအမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးသေတယ်လို့ အများအထင်လွဲမှားအောင် လိမ်ညာရေးသားထားခြင်းဖြစ်ပါသည်။