UFC 295 ပြိုင်ပွဲတွင် ချင်းလူမျိုးဖိုက်တာ ဂျိုရှူအာဗန် အနိုင်ရ

ယနေ့မနက်အစောပိုင်းက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ Madison Square Garden တွင်ကျင်းပခဲ့သည့် UFC 295 ပြိုင်ပွဲတွင် မြန်မာနိုင်ငံဖွား၊ ချင်းလူမျိုးဖိုက်တာ ဂျိုရှူအာဗန်က ပြိုင်ဘက် ပီရူးဖိုက်တာ ကီဗင်ဘိုးဟိုစ်အား အမှတ်ဖြင့်အနိုင်ရခဲ့ကြောင်းသိရသည်။

ယခုပွဲစဥ်သည် ဂျိုရှူအာဗန်အတွက် UFC ကစားသမားဘ၀ ဒုတိယမြောက်ယှဥ်ပြိုင်ထိုးသတ်သည့်ပွဲစဥ်ဖြစ်ပြီး အမှတ်ပေးဒိုင် (၃) ဦးစလုံးက အနိုင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Photos: Facebook and X