ရေစကြိုမြို့နယ်၌ တပ်မတော်သားများပစ်ခတ်ခံရလို့ ၅ ဦးထက်မနည်းသေဆုံးတဲ့ သတင်းအမှား

မြေလတ်အသံ – Myaelatt Athan Page မှ မတ်လ ၁၃ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာမှာ ဘန်ကာတွေအထပ်ထပ်ပြုလုပ်ထားပြီး ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ တပ်မတော်တပ်ဖွဲ့ပစ်ခတ်ခံရလို့ ၅ ဦးထက်မနည်းသေဆုံးသွားတယ်လို့ လူမှုကွန်ရက်ပေါ်တွင်တွေ့ရှိခဲ့ရပါတယ်။
ဒီသတင်းအား စိစစ်ရာတွင် >>> မတ်လ ၁၃ ရက်နေ့ကမကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာမှာ PDF များနှင့် တပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဖွဲဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရီးသွားပြည်သူများအားငွေကြေးကောက်ခံခဲ့ခြင်း မရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ မြေလတ်အသံ – Myaelatt Athan Page မှ
PDF ပြည်သူတွေကို ဓားပြတိုက်ငွေကြေးကောက်ခံမှုများကိုဖုံးကွယ်ကာ တပ်မတော်က ကောက်တယ်ဆိုပြီးမဟုတ်မမှန်ရေးသားကာ တပ်ဖွဲ့ဝင် ၅ ဦး ထက်မနည်းသေတယ်ဆိုပြီးပါ လုပ်ကြံရေးသားထားခြင်းဖြစ်ပါသည်။
False-News
FACT CHECK
https://t.me/factcheckmm