ရုရှား-ယူကရိန်းစစ်အတွင်း အနောက်နိုင်ငံများ၏ ယူကရိန်းနိုင်ငံအပေါ် ထောက်ပံ့မှုများ

ရုရှား-ယူကရိန်းစစ်အတွင်း အနောက်နိုင်ငံများ၏ ယူကရိန်းနိုင်ငံအပေါ် ထောက်ပံ့မှု၊ ပါဝင်ပက်သက်မှုများကို စစ်အတွင်းမှာ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်များ/ ပစ္စည်များကို ရုရှားနိုင်ငံ မော်စကိုခရိုင်၊ ကူဘင်ကာမြို့ရှိ ပက်ထရီရော့ ပန်းခြံမှာ ခင်းကျင်းပြသထားပါတယ်။ ယူကရိန်းအထူးစစ်ဆင်ရေးမှာ ပါဝင်ပက်သက်ခဲ့၊ လက်နက်များထောက်ပံ့အကူအညီပေးခဲ့တဲ့ နိုင်ငံများကို လက်နက်နှင့်ထုတ်လုပ်တဲ့ နိုင်ငံများနှင့်တကွ ခင်းကျင်းပြသထားပါတယ်။ ရုရှား-ယူကရိန်းစစ်အတွင်း ယူကရိန်းတို့အနေနဲ့ ကန့်သတ်တားမြစ်ထားတဲ့ လက်နက်များကို သုံးစွဲလျက်ရှိကြောင်းကိုလည်း မှတ်တမ်းနှင့် တကွပြသထားပါတယ်။