အီရန်က ဆန်းပြားသည့် ဒရုန်းတစ်မျိုးကို ထုတ်ဖော်ပြသ

အီရန်နိုင်ငံက ဧပြီ ၁၈ ရက်တွင်ကျင်းပသော စစ်ရေးပြအခမ်းအနား၌ ဆန်းပြားသည့်ဒရုန်းတစ်မျိုးကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ဧပြီ ၁၈ ရက်တွင်  ကျရောက်သည့် အမျိုးသားကြည်းတပ်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌   ကြည်းတပ်ဖွဲ့သာမက ရေတပ်၊ လေတပ်နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များလည်း ပါဝင်စစ်ရေးပြသည်။

ထို့ပြင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များအပါအဝင် အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများကိုလည်း စစ်ရေးပြအခမ်းအနား၌ ထုတ်ဖော်ပြသခဲ့သည်ကို တွေ့ရသည်။

ယခုထုတ်ဖော်ပြသခဲ့သည့် စစ်လက်နက်ပစ္စည်းများတွင် ပါဝင်သော ဆန်းပြားသည့် ဒရုန်းအသစ်တစ်မျိုးမှာ မောင်းသူမဲ့ လေယာဉ်များကို ကင်းထောက်ခြင်းစွမ်းရည်နှင့် ခဲယမ်းများကို ဖြုတ်ချနိုင်သည့် စွမ်းရည်တို့ပါဝင်သည်ဟု အီရန်စစ်ဘက်က ဖော်ပြထားသည်။

အဆိုပါ ဒရုန်းများကို အပေါ့စားရဟတ်ယာဉ်များတွင်ချိတ်တွဲ၍ သယ်ဆောင်နိုင်စွမ်းရှိသည်ဟု အီရန်စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Ref: Sputnik