ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် စတင်ဖွင့်လှစ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုဒေသ၌ ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်ထိ ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် (International Military- Technical Forum “ARMY 2023”) ကို ယနေ့ ၁၁ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Army 2023 ပြပွဲကို Patriot Congress and Exhibition Center တွင် ပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ခန့်ပါဝင်တက်ရောက်နေကာ ရုရှားစစ်ဖက်နှင့် စက်မှုကုမ္ပဏီ ၁၅၀၀ ခန့်ကလည်း ထိုပြပွဲတွင် စစ်ဖက်ဆိုင်ရာလက်နက်ပစ္စည်းများကို ပြသမည်ဖြစ်ပြီး နိုင်ငံခုနစ်ခုမှ နိုင်ငံခြားကုမ္ပဏီ ၈၅ ခုကလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။ နိုင်ငံရပ်ခြားမှ ကိုယ်စားလှယ်အဖွဲ့များသည် စစ်ဖက်ဆိုင်ရာနည်းပညာသိပ္ပံနှင့် စီးပွားရေးဆိုင်ရာ အစီအစဉ်များတွင်လည်း ပါဝင်မည်ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ ဖိုရမ်တွင် ရူဘယ် ၄၃၃ ဘီလျံ (ဒေါ်လာ ၄ ဒသမ ၃၄ ဘီလျံ) ကျော်တန်ဖိုးရှိ စာချုပ်များကို လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ယခုနှစ်တွင် ဖိုရမ်၏ ပြပွဲဧရိယာသည် စတုရန်းမီတာ ၃၀၀,၀၀၀ ခန့် ကျယ်ဝန်းမည်ဖြစ်ပြီး၊ စစ်ဖက်သုံးပစ္စည်းနမူနာ ၂၈,၀၀၀ ခန့်ကို ခင်းကျင်းပြသထားပါတယ်။

ဩဂုတ် ၁၄ ရက်နေ့ ပြပွဲတွင် အသစ်ထုတ်လုပ်သည့်ကျည်ကာအင်္ကျီများ၊ နောက်ဆုံးပေါ် ဒုံးကျည်များ၊ နောက်ဆုံးပေါ် ရုရှားအမြောက်ပစ်စနစ်များ၊ MiG- 35 တိုက်လေယာဥ်၊ ရေငုပ်သင်္ဘောများ၊ တော်ပီဒိုများ အစရှိသည့်လက်နက်များကို ပြသခဲ့သကဲ့သို့ မိတ်ဖက်နိုင်ငံများမှ သတင်းမီဒီယာများကိုလည်း နောက်ဆုံးပေါ်စစ်လက်နက်ပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရုရှားစံတော်ချိန်ညနေ ၆ နာရီတွင် ပထမနေ့ Media Tour အစီအစဉ် ပြီးဆုံးခဲ့ပါတယ်။

CRD;