ရုပ်အိုလည်း စိတ်လှနေပါစေ

မေတ္တာဓါတ်ဟာ
မမြင်နိုင်တဲ့ကြိုးတစ်ချောင်းပါ ။

အဝေးက လူတွေကို နီးစေသလို
ကိုယ့်ကိုလည်း အေးစေပါတယ် ။

ဘယ်သူကိုမှ ဒုက္ခမဖြစ်စေလို့
ပတ်၀န်းကျင်နှင့်အဆင်ပြေပါတယ် ။

ဆဲဆိုရန်ဖြစ်တဲ့အိမ်ဟာ
ကျက်သရေမဲ့ပြီး ဆင်းရဲနိုင်သလို

ဒေါသနည်းပြီးမေတ္တာများတဲ့အိမ်ဟာ
ချမ်းသာပြီး လာဘ်ရွှင်ပါတယ် ။

လူတစ်ယောက်မှာ
မေတ္တာအကြည်ဓါတ်ရှိတယ်ဆိုရင်
ခင်မင်တဲ့သူတွေ ပေါများပါတယ် ။

ရုပ်လှပြီး စိတ်အကြည်အလှမရှိရင်
ခဏလေးနဲ့ ခင်ကြပြီးတော့
နောက်တော့ စွန့်သွားကြပါတယ် ။

ရုပ်ရဲ့လိုအပ်ချက်ကိုချည်းပဲ
ထည့်ပြင်လို့ မနေပါနဲ့
စိတ်ရဲ့မသန့်ရှင်းမှုကိုလည်းပြုပြင်ပါ ။

စိတ်ထားက အမြဲလှအောင်နေရင်
ရုပ်အိုကျလည်း ချမ်းသာနေမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏