ရာဇဝတ်မှုများ တိုက်ဖျက်ရန် ပြန်လည်လွှဲပြောင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး

ရုရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် ၎င်းတို့ကြား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် ရာဇဝတ်သား ပြန်လည် လွှဲပြောင်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားတရားဥပဒေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ကြီး ယာဆွန်နာလောင်လီက ပြောသည်။

နှစ်နိုင်ငံကြား ရာဇဝတ်သား ပြန်လည်လွှဲပြောင်းရေးသဘောတူညီချက်ကို လောင်လီနှင့် ရုရှားတရားရေးဝန်ကြီး ကွန်စတန်တင် ချက်ချင်ကိုတို့က  မတ် ၃၁  ရက်တွင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။  အဆိုပါ သဘောတူညီချက်သည် နှစ်နိုင်ငံစလုံးအတွက် ရာဇဝတ်မှုတိုက်ဖျက်ရေး၊ အထူးသဖြင့်ငွေခဝါချခြင်း၊ မူးယစ်ဆေးဝါးကုန်ကူးခြင်းနှင့် အကျင့်ပျက်မှု စသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအား  တိုက်ဖျက်ရန်အတွက် အလွန်အရေးကြီးကြောင်း  လောင်လီက ဆက်ပြောသည်။

ရုရှားနိုင်ငံသား အများအပြားသည်အင်ဒိုနီးရှားနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များ အဓိကလာရောက်လည်ပတ်ရာ နေရာတစ်ခုသို့ လာရောက်လည်ပတ်လေ့ရှိပြီး နှစ်နိုင်ငံကြားကုန်သွယ်မှု ပမာဏမှာ၂၀၂၂ခုနှစ်တွင် ၂၉ ဒသမ ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး   ဆက်လက် မြင့်တက်လာမည့်  အလားအလာရှိကြောင်း အင်ဒိုနီးရှားစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

Ref: JKP