ရမည်းသင်းတွင် အကြမ်းဖက်ကျားသစ်နက်အဖွဲ့ဝင်တစ်ဦးဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ နယ်၊ နဘူးကျင်းကျေးရွာအုပ်စု၊ သက်ကယ်ကျင်းကျေးရွာ၌ အကြမ်းဖက် PDF အဖွဲ့ဝင် ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့် သက်ကယ်ကျင်းကျေးရွာနေ ဦးမောင်စိုး၊၄၅နှစ်၊(ဘ)ဦးချစ်မောင်၏ နေအိမ်သို့ သွားရောက်ရှာဖွေ စစ် ဆေးခဲ့ရာ အကြမ်းဖက် KNUနယ်မြေကျားသစ်နက်စစ်ကြောင်း က ထက်မြတ်အောင်ဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။