အကြမ်းဖက်သမားများ လူနေအိမ်များအား မီးရှို့ဖျက်ဆီး၍ ထွက်ပြေး

ဒီဇင်ဘာ ၆ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုးဒါးလေးကျေးရွာဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းရန် ထွက်ခွာလာစဉ် မြေနုကျေးရွာ၏ အနောက်မြောက်ဘက်သို့အရောက်
KIA နှင့် အကြမ်းဖက်သမားအင်အား ၂၀ ဦးခန့်က ကျေးရွာအတွင်းရှိ လူနေအိမ်များအား အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်
တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်…
တိုက်ပွဲအတွင်းမှ
-အကြမ်းဖက်သမား ၁ လောင်း
-အမ်(၂၂) ၁ လက်
-ကျည်အိမ် ၂ ခု
-ကျည် ၄၀ တောင့်
-ABSDF ဘက်တံဆိပ်ပါယူနီဖောင်း ၃ စုံသိမ်းဆည်းရရှိခဲ့ပါတယ်…
အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားစဉ်
မြေနုကျေးရွာရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်ခြေ ၂၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်…