“ရွှေဘိုမြိုနယ်၊ ဇီးဖြူကုန်းကျေးရွာ၌ ကထိန်လှည့်နေသည့် ပြည်သူများကို လောမဟုဆိုကာ PDF အမည်ခံ အကြမ်းဖက်အုပ်စုက လောင်ချာဖြင့်ပစ်ခတ်”

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ်၊ ဇီးဖြူကုန်းရွာ၌ ယနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက်ပိုင်းတွင်

ကထိန်လှည့်နေသည့် အရပ်သားပြည်သူများကို အကြမ်းဖက် NUG လက်ပါးစေအုပ်စုမှ လောင်ချာ သုံးလုံးဖြင့်

ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းအကြမ်းဖက်အုပ်စုများကိုယ်တိုင် ထုတ်ပြန်ထားမှုများအရ သိရသည်။

အဆိုပါ လူမဆန်သော အကြမ်းဖက်မှုလုပ်ရပ်ကို ရွှေဘိုခရိုင် pdf တပ်ရင်း (၅) တပ်ခွဲ(၃)၊ ရွှေဘိုခရိုင် pdf တပ်ရင်း (၄) တပ်ခွဲ (၄) ၊

ShweBo Federal Army SBFA ၊ BLACK TIGER -SHWE BO၊ C&T SHWE BO(LDF)၊ SNAKE EYE(LDF) ဟူသော

အကြမ်းဖက်အဖွဲအစည်းများအပါအဝင် အဖွဲပေါင်း (၂၀) တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

အဆိုပါ အကြမ်းဖက်မှုကြောင့် ကထိန်လှည့်နေသည့် အရပ်သားပြည်သူ (၅) ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်ရှင်။