ရပ်စောက်တွင် ကာလတန်ဖိုး(သိန်းတစ်သောင်းကျော်)မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရပ်စောက်မြို၊ မင်းကြီးသုံးပါးစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ပူးပေါင်းအဖွဲ့သည် စစ်ဆေးဆောင်ရွက်နေစဉ် မေလ ၂၂ ရက် နေ့လည် ၁နာရီ ၁၅ မိနစ်တွင် ရပ်စောက်မြို့သို ဦးတင်လှိုင်(၃၈)နှစ်၊ (ဘ)ဦးအောင်ဆ၊ ကယန်း/ဗုဒ္ဓ၊မိုးဗြဲကျေးရွာ၊ ဖယ်ခုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ YGN-7K/7487 (Toyota Hilux/ခဲရောင်)နှင့် တစ်ရွာတည်းနေ ဦးရီဝေမောင်(၂၃)နှစ်၊ (ဘ)ဦးပန်းစိန်၊ ကယန်း/ဗုဒ္ဓ မောင်းနှင်ပြီး ဦးစံတင်(၄၇)နှစ်၊ (ဘ)ဦးခမ်း၊ ကယန်း/ဗုဒ္ဓတို့ လိုက်ပါလာသည့် ယာဉ်အမှတ်၊ YGN 4F/9560(Toyota Land Cruiser PRADO/ခဲရောင်)ယာဉ်တို့အား စစ်ဆေးခဲ့ရာ ယာဉ်အမှတ်၊ YGN-7K/7487 ၏ ဘေးဘော်ဒီအတွင်းမှ ဘိန်းဖြူဘလောက်တုံး (၇၈)တုံးနှင့် ယာဉ်အမှတ်၊ YGN 4F/9560 ၏ စပယ်ယာဘီးနှင့် ကားဘော်ဒီအတွင်းမှ ဘိန်းဖြူဘလောက်တုံး(၁၁၇)တုံး စုစုပေါင်း(၁၉၅)တုံး၊ ဘိန်းဖြူဘလောက်တုံး(၆၈.၂၅)ကီလို၊ ကာလတန်ဖိုးငွေကျပ် ၁၀၂၃၇.၅ သိန်း အား ဖမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။