ယော PDF များ၏ စစ်ဝတ်တန်ဆာများသိမ်းဆည်းရရှိ

ယော pdf များကို ထောက်ပံ့မည့် စစ်ဝတ်တန်ဆာများ တင်ဆောင်လာသော ကားကို ကျောက်ထုမြို့နယ်၊ တောင်စွန်တွင် လလုံခြုံရေးတပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ပြီး သိမ်းယူ နိုင်ခဲ့သည်။

ဖြစ်စဥ်အရ ၄-၃-၂၀၂၄ ရက်နေ့တွင် ပုံပါ ကုန်ကားဖြင့် သယ်ဆောင်လာပြီး တောက်စွန်း လုံခြုံရေးဂိတ်ကို ဖြတ်သန်းစဥ် ကားသမား pdf က ကားတားသည့် လုံခြုံရေးစစ်သည် ကို ငွေ ၃ သောင်းထုတ်ပေးခဲ့သည်။

လုံခြုံရေးစစ်သည်က ငွေကို မယူပဲ ကားရပ်ရန် ပြောကြားရာ ကားသမား pdf သည် ကားကို အရှိန်တင်မောင်းပြေးသွားခဲ့ရာ
လုံခြုံရေးတပ်ဖွဲ့ဝင် များက ပစ်ခတ်ဟန့်တားခဲ့ ပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ပစ်ခတ်မှုတွင် pdf အကြမ်းဖက် ၂ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ကားနှင့်အတူ ယော pdf အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့ရန် သယ်ဆောင်လာသော စစ်ဝတ်တန်ဆာများကို လခရတပ်ဖွဲ့ဝင်များက ဖမ်းဆီးရခဲ့ခြင်းဖြစ်သည်။

သင်ခန်းစာရယူရန််မှာ ငွေလေး ၂ သောင်း ၃ သောင်းပေး၍ ဂိတ်များကို ဖြတ်သန်းနေသော pdf အကြမ်းဖက်များသည် အမှန်တကယ်စစ်ဆေးသော စစ်သည်များဖြင့် တွေ့သောအခါ ယခုကဲ့သို့ အကျိုးအမြတ်ရရှိ​ခဲ့ကြောင်း ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။