မွန်လူမျိုးခွဲထွက်များကြောင့် မွန်ရွာ ပျက်ဆီးရခြင်း

မွန်လူမျိုးခွဲထွက်တွေကြောင့် မွန်ရွာတစ်ရွာကတော့ စတင်ပျက်စီးရပါပြီ..

ဓမ္မသတ်ကျေးရွာဆိုတာ စည်ကားပြီး မြို့မကျတဲ့ ရွာတစ်ရွာပါ.. တပ်မတော်မှ နယ်မြေလုံခြုံရေးအဖွဲ့များ၊ ဒေသလုံခြုံရေးအဖွဲ့ဝင်များနဲ့ အေးချမ်းတည်ငြိမ်နေတဲ့ ရွာတစ်ရွာပါ..

တပ်နဲ့ပြည်သူ အတူတကွလက်တွဲညီညီနေထိုင်ပြီး အေးချမ်းသာယာလှတဲ့မွန်ရွာလေး အခုတော့ အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လာမှပဲ အကျည်းတန်ရုပ်ဆိုးခဲ့ရပြီ..

ဒီရွာကို မွန်ခွဲထွက်အဖွဲ့က မီးရှို့ထွက်ပြေးသတဲ့. ကရင်လူမျိုးက ကရင်ရွာကို ဒုက္ခမပေးဘူး.. မွန်လူမျိုးခွဲထွက်တွေက မွန်ရွာကို ဒုက္ခပေးတာကတော့ ကြားလို့မကောင်းပါဘူး.. မွန်လူမျိုးတွေရော ဓမ္မသတ်က နစ်နာသူ မိဘပြည်သူတွေ နာတတ်ကြမလားတော့ မသိပါ.. ကမ်းနီ၊ ညောင်ရိပ်သာလို မွန်ရွာတွေကို KNU မီးရှို့ခဲ့တုန်းကလည်း ဆုံးရှုံးမှုတွေ များခဲ့ရပြီးပါပြီ.

NUG လက်ပါးစေ KNU/PDF တွေနဲ့ ပေါင်းပြီး ကျန်တဲ့ မွန်ရွာတွေကိုလည်း ဒုက္ခပေးဦးမှာ အမှန်ပဲ.. ဒီလို အကြမ်းဖက်ခံရမှုတွေ ထပ်ပြီးမဖြစ်စေချင်ရင်၊ ပ ပျောက်စေချင်တယ် ဆိုရင်တော့ အကြမ်းဖက် KNU/PDF နဲ့ မွန်ခွဲထွက်အဖွဲ့တွေရဲ့ သတင်းတွေကို နီးစပ်ရာ လုံခြုံရေးအဖွဲ့ဝင်တွေဆီကို ပေးပို့ဖို့ လိုပါလိမ်မယ်..

မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာ အေးချမ်းတဲ့ အနှစ်သာရကို ခံစားရမှာပါ..

Saw Ba Maung