မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

၁၂-၁၀-၂၀၂၂ ရက်နေ့ (၁၀၄၀) အချိန်ခန့် ကျိုက်ထီးရိုးဘုရားဖူးတောင်တက် ကားဂိတ်အား သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF (၁၂)ဦးခန့် 4 Wheel ယာဉ်တစ်စီးဖြင့် ရောက်ရှိကာ မိုးမိုးကတွတ်ယိုဆိုင်အနီးမှ သေနတ်များဖြင့် စတင်လာရောက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားပြီး သောင်းကျန်းသူအကြမ်းဖက် PDF အဖွဲ့သည် မော်တော်ယာဉ်ဖြင့် ဆောင်နိုင်ကြီး ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဖြစ်စဉ်တွင် သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF ၏ ပစ်ခတ်မှုကြောင့် ကျား(၁)၊ မ(၃) ဦးသေဆုံး ၊ ရဲတပ်သား (၁)၊ ကျား(၇)၊ မ(၁၀) ဒဏ်ရာရခဲ့ ၊ ကင်မွန်းချောင်း(နမစ) (ပ) ၂၆/၂၂ ၊ အကြမ်းဖက်ပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့ပါသည်။

အေးမင်းထွန်းသည် မျိုးလင်းထွဋ်(ခ)မှုံကြီး (ဖမ်းမိ)၊ စောထွန်းဝင်း (ဖမ်းမိ)တို့နှင့် ပူးပေါင်းကာ KRF (ကျိုက်ထိုတော်လှန်ရေးအဖွဲ့)အဖြစ် ဖွဲ့စည်းခဲ့ပြီး ကျိုက်ထိုမြို့တွင်း ဖောက်ခွဲရေးလုပ်ငန်း စီစဉ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့လှုပ်ရှားမှုများ ၊ အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်များ သတင်းရယူ လုပ်ကြံတိုက်ခိုက်ရေး စီမံခဲ့ခြင်းများကြောင့် ကျိုက်ထိုရဲစခန်း (ပ)၂၁၂/၂၀၂၁၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၀(က)(ဈ)/၅၂ (ဃ) တို့အရ အလိုရှိနေသော တရားခံဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းတရားခံများ အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများမှ လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။