မြောင်မြို့နယ် နဂါးပေါက်ကျေးရွာအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

စက်တင်ဘာ ၁၄ရက်က မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာတွင် PDF အကြမ်းဖက်သမားများမှ လက်နက်ခဲယမ်းများဝှက်ထား‌ကြောင်း တာဝန်သိပြည်သူများမှ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ မြောင် PDF အဖွဲ့ပိုင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်

ဖမ်းဆီးရမိပစ္စည်းများမှာ-

HobbyWingX-Rotor Drone- ၁စင်း
လက်လုပ် ၆၀မမစိန်ပြောင်း- ၆လက်
လက်လုပ် ၄၀မမ – ၆လက်
လက်လုပ်သေနတ်- ၄လက်
လက်လုပ် ၆၀မမ ဗုံးသီး- ၁လုံး
လက်လုပ်မိုင်း- ၅၅လုံး
ယမ်းမှုန့်- ၆ပိဿာ
ကန့်မှုန့်- ၆ပိဿာ
တွင်ခုံ- ၁ခု
ယမ်းကြိုး- ၅ပေ
အီကွေ့မန့်- ၂စုံ
လက်လုပ်ရှော့တိုက်စင်- ၂ခုတို့ သိမ်းဆည်းရမိခဲ့ပါတယ်။

နဂါးပေါက်ကျေးရွာ အခြေပြု လှုပ်ရှားနေတဲ့ PDF များနဲ့ မြောင် ပကဖ အဖွဲ့များ ရိက္ခာငွေကြေး၊ လက်နက်ခဲယမ်း ထောက်ပံ့မှုများနှင့်ပတ်သတ်၍ အရှုပ်အရှင်းများဖြစ်ပေါ်လျက်ရှိပြီး ရွာသားအများစုမှာ ပကဖအဖွဲ့များအား မလိုလားသဖြင့် ယခုလို လက်နက်ခဲယမ်းဝှက်ထားသည့်နေရာများအား လုံခြုံရေးအဖွဲများထံသို့ သတင်းပေးပိုခဲ့ခြင်း ဖြစ်တယ်လို့ ဒေသခံပကဖတစ်ဦးထံမှ သတင်းရရှိပါတယ်။