မြန်မာ့ရိုးရာ မုန့်လုပ်နည်း

(၁) ငှက်ပျောဆနွင်းမကင်းလုပ်နည်း
ပါ၀င်သောပစ္စည်းများ (ဗန်းအကြီး ၁ ဗန်းစာ)
၁။ သီးမွှေး ငှက်ပျောသီးမှည့်မှည့် – ၈ လုံး (သို့) သေးရင် ၉ လုံး
၂။ အုံးသီးဖတ် – ၁ ခွက်
၃။ ရွှေကြည် – ၁ ခွက်
၄။ ဂျုံ မှုန့်- ၁ ခွက် နှင့်ခွက်လေးပုံ တပုံ
၅။ သကြား – ၁ ခွက် ခွဲ
၆။ ဆား – လက်ဖက်ရည်ဇွန်း တ ၀က်
ရ။ အုံးနို့ – ၄၀၀ ml
၈။ ထောပတ် – ထမင်းစားဇွန် ၈ ဇွန်း (သို့) ခွက် တစ်၀က်
၉။ ဘိန်းစေ့ – အနည်းငယ်
၁၀။ စားသောဆိုးဆေး အနီရောင် ၄ စက် (သို့) ၅ စက် 
( လျော့ထည့်လို့လည်း ရပါတယ်။ လုံးဝမထည့်လည်း ရပါတယ်။)

ပြုလုပ်နည်း
ငှက်ပျောသီးကို လက်ဖြင့် ခြေပေးပါ။ အရမ်းကျေရန် မလိုပါ။ Blender ထဲသို့ အုံးသီးဖတ်၊ ထောပတ်နှင့် အုံးနို့ကို ထည့်၍ မွှေပါ။ ( ထောပတ်က ခဲနေတာကို သုံးလျှင် ပိုကောင်းပါတယ်။ ) အရည်ပျော်နေရင်  အရည်ကျဲဖြစ် တတ်ပါတယ်။  မခဲလျှင် ရေခဲသေတ္တာထဲ ခနထည့်ထားပြီးမှ သုံးလျှင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲတွင် ငှက်ပျောသီး၊ ခြေထားသောအုံးသီးဖတ်အနှစ်၊ သကြား၊ ဆား၊ ရွှေကြည်၊ ဂျုံမှုန့်နှင့် ဆိုးဆေး အနီရောင်တို့ကို ရောသမမွှေပါ။ မုန့်ဖုတ်မည့် ဗန်းထဲကို ဆီ (သို့မဟုတ်) ထောပတ်သုတ်ထားပါ။ ထိုဗန်းထဲသို့ မုန့်အနှစ်များကို ထည့်ပြီး အပေါ်မှ ဘိန်းစေ့များကို ဖြူးပေးပါ။ 350’F (175’C) မှာ အပူပေးထားသော Oven ထဲတွင် ၁ နာရီ ထည့်ဖုတ်ပါ။ ပြီးရင် အအေးခံ၍ ကြိုက်နှစ်သက်ရာ အရွယ် အတုံးလေးတွေတုံးပြီး သုံးဆောင်နိုင်ပါပြီ။