🍂 သရဏဂုံတည်ခြင်း၏ အကျိုး🍂

🍀 သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။

🍀၁။ ဒိသာသု ပူဇိတော ဟောမိ။

🍀သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။

🍀၂ ။ တိက္ခပညော။

🍀 ဉာဏ်အလွန်ထက်မြက်မည်။

🍀၃။ သဗ်ဗေ ဒဝေါနုဝတ်တန်တိ။

နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။

🍀၄။ အမိတဘောဂံ လဘာမဟံ။

စီးပွားရေး အဆင်ပြေမည်။

🍀 ၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။

ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။

🍀 ၆။ ပဋိကန္တော ဘဝါမဟံ။

ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။

🍀 ၇။ မိတ္တာနံ အစလော ဟောမိ။

ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။

🍀 ၈။ ယသော အဗ္ဘုဂ္ဂတော မမံ။

ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာပြောကြမည်။ ကောင်းသတင်းများသာကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။

💧 ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ-

💧 ၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များရှိခြင်း၊ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။

💧 ၂။နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက်
🔹အသက်ရှည်ခြင်း၊
🔹အဆင်းလှခြင်း
🔸အခြွေအရံပေါများခြင်း၊
🔹အပူဇော်ခံရခြင်း
🔸ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊
🔹မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကိုရရှိခြင်း၊
🔸ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊
🔹ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊
🔸ကျော်စောထင်ရှားခြင်း၊
🔹အစိုးရခြင်း၊
🔸နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊
🔹မိမိ၏အလိုကို အခြားသော နတ်များကလိုက်လျောကြရခြင်း၊
🔸မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံ နိုင်ပါသည်။

💧ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံ
သုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။

ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်
နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရပါမည်။

သံသရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သောအကျိုးတရားများကို ရရှိပါလိမ့်မည်။

🔝ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အ
မှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းအပ်ပါသည်။
.
.
💠သာယာချမ်းမြေ့ကြပါစေ💠
. 🌟သစ္စာနီ🌟