စီးကရက်ကို သောက်တတ်ရင်

   ဆရာသည် စီးကရက်ကြိုက်သူဖြစ်၏။ အစိမ်းရောင် ဒူးယားစီးကရက် ဘူးကို အလွန်နှစ်သက်လေသည်။ အာမီရမ် နှစ်ပက်ရယ် မြေပဲဆံအ မြည်း ၁၅စေ့ရယ် ဒူးယားစီးကရက် တစ်လိပ်ရယ် ဆိုရင်ပင် ပြည့်စုံနေပြီလို့ ခံစား နေရသည်။

   ဆေးလိပ်သောက်တတ်သူ အချင်းချင်းသည် လူပုံအလယ် သောက်သုံး ပါက မိမိစီးကရက်ဘူးထဲမှ စီးကရက်များကို တည်ခင်းလေ့ ရှိသည်မှာ ထုံးစံ ပင်ဖြစ်သည်။

   ဆရာသည် စီးကရက်ကို လူအများကြားတွင် ဘယ်တော့မှ ထုတ်မ သောက်ပါ။ သူများကို ထုတ်တိုက်ရမှာစိုးလို့။

   တစ်ရက်မှာတော့ ဆရာခံတွင်းချဥ်ပြီး ဆေးလိပ်သောက်ချင်နေသည်။ နီကိုတင်း ဓာတ်ကလည်း နှိုးဆွနေပြီ။ လူကြားထဲ ရောက်နေလို့ ထုတ် သောက်ဖို့ကလည်း ခက်နေသည်။

   သောက်ချင်စိတ်ကို ထိန်းထားနိုင်မှု မရှိတော့သည့်အဆုံး အိတ်ကပ် အတွင်းမှ ဒူးယားစီးကရက်ဘူးကို ဟန်ပါပါ ထုတ်လိုက်သည်။ ပြီးလျင် စီး ကရက်ဘူး အတွင်းမှ ဒူးယားတစ်လိပ်ကိုထုတ်ပြီး နှုတ်ခမ်းတွင် တပ်ကာ မီးညှိလိုက်သည်။

   တစ်ဖွာ နှစ်ဖွာလောက် ဖွာပြီး လက်ထဲက စီးကရက်ဘူးကို ခပ်ဖွဖွ လုံး ချေလိုက်ပြီး ဘေးသို့ပစ်ထုတ် လိုက်ပါသည်။ သဘောကတော့ စီးကရက် ဘူးမှာ တစ်လိပ်သာ ကျန်တော့သဖြင့် ထုတ်သောက်ပြီး ကုန်သွား၍ လွှင့်ပစ် လိုက်ခြင်းဟု ပတ်ဝန်းကျင်ရှိ လူများအားလုံးက ယူဆကြပေမည်။

   အမှန်မှာ ထိုစီးကရက်ဘူးထဲတွင် စီးကရက်သုံးလိပ် ရှိနေသေးသည်။ ဘေးလူများကို တိုက်ရမည် စိုးသဖြင့် ကုန်ချင်ဟန်ဆောင်ပြီး လွှင့်ပစ် လိုက် ခြင်းဖြစ်ကာ လူရှင်းမှ ပြန်လည်ကောက်ယူ လိုက်ပါတော့သည်။

   ဆရာသည် ဆေးလိပ်ကြိုက်သည့်အပြင် ဆေးလိပ်နှင့် ပတ်သက်သည့် သုတေသနလည်း မကြာခဏ လုပ်လေ့ရှိပြန်သည်။

   တစ်နေ့။

   ဆရာ့အိမ်ရှေ့တွင် လက်ဖြောင့် ၁၀ယောက် တန်းစီနေကြသည်။ ဆ ရာက သူတို့ရှေ့မှာ ရပ်နေသည်။

   "စ"

   အမိန့်ရသည်နှင့် ဘယ်အစွန် ရဲဘော်မှ ဒူးယားစီးကရက် တစ်လိပ်ကို မီးညှိပြီး တစ်ချက်ဖွာရှိုက်ကာ ညာဖက်ရှိ ကပ်လျက်ရဲဘော်ကို လက်ဆင့် ကမ်းပေးလိုက်သည်။

   ထိုရဲဘော်ကလည်း တစ်ချက်ဖွာရှိုက်ပြီး နောက်လူကို ပေးလိုက်ပြန် သည်။ လက်ဆင့်ကမ်း စနစ်ဖြင့် စီးကရက်တစ်လိပ်ကို လူ၁၀ယောက် ဖွာ ရှိုက်နေကြခြင်းဖြစ်၏။ မီးခိုးတွေကို တထောင်းထောင်းထလို့။ မသိရင် မူးယစ်ဆေးပဲ ချနေသလိုလို။

   ဆရာက ကျွန်တော့်အား...

   " လူလေး..ဒူးယားစီးကရက် တစ်လိပ်ကို သောက်တော့မယ်ဆိုပြီး မီး ညှိပြီးမှ မဖွာမိရင် လေစားပြီး ဆေးလိပ်ကုန်သွားတဲ့အတွက် နှမျောစရာ ကြီးဗျ... ဒါကြောင့် လက်ဖြောင့်တွေနဲ့ ကျုပ်စမ်းသတ်ကြည့်တာ ၁၁ဖွာ မြောက်မှာ စီးကရက်တစ်လိပ် ကုန်သွားပါရောလား"

   သူမို့ အားအားယားယား။ ဆရာ၏ စမ်းသပ်ချက်အရ စီးကရက်တစ် လိပ်ကို မီးညှိပြီးပါက မနားတမ်း အဆက်မပြတ် ဖွာရှိုက်နေရမလိုပင် ဖြစ် နေပေတော့သည်။

ဆက်ရန်