ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာကျွေးမွေးလှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာ၌ ကျင်းပပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများကို သီးစုံသက်သတ်လွတ် ဒံပေါက်ထမင်းနှင့် အချိုရည်၊ ရေသန့်များဖြင့် အာဟာရဒါနလှူဒါန်းခဲ့ကြပါတယ်။