မာဆေးမြို့ရှိ လူနေတိုက်ခန်းတစ်ခုပြိုကျမှုအတွင်း အနည်းဆုံးလူ ခြောက်ဦးဒဏ်ရာရရှိ

ပြင်သစ်နိုင်ငံ မာဆေးမြို့ရှိ လူနေတိုက်ခန်းတစ်ခုပြိုကျမှုအတွင်း အနည်းဆုံးလူခြောက်ဦး ဒဏ်ရာရရှိကြောင်း BFMTV သတင်း ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါလူနေတိုက်ခန်းသည် မပြိုကျမီ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ထင်မြင်ယူဆမှုများရှိနေပြီး ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ သတိထားလျက်ရှိကြောင်း စီရင်စုအုပ်ချုပ် ရေးမှူး ခရစ္စတိုဖီမီယာမန်းက ပြောကြားသည်။ အဆိုပါလူနေတိုက်ခန်းပြိုကျမှုသည် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ပြိုကျခဲ့ခြင်းဖြစ် နိုင်ကြောင်း ဒေသတွင်းအာဏာပိုင်အဖွဲ့က ယူဆထားတယ်လို့လဲ သိရပါတယ်။

ပေါက်ကွဲမှုကြောင့်   အနီးအနားရှိ အဆောက်အအုံတစ်ခုမှာ  ပြိုကျသွားပြီး အခြားတစ်ခုမှာ တစ်စိတ်တစ်ဒေသပြိုကျ  သွားကြောင်း ဒေသတွင်းမီဒီယာများက ထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုကြောင့်   ဖြစ်ပေါခဲ့သည့် အပျက်အစီးများအောက်တွင် အနည်းဆုံးလူ ၁၀ ဦးခန့်  ပိတ်မိနိုင်ဖွယ်ရှိကြောင်း အာဏာပိုင် အဖွဲ့က  ခန့်မှန်းထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါတယ်ရှင်…။