မတ်လ ၇ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၆ ရက်နေ့ ၁၈၃၀ နာရီချိန်တွင် ဝက်လက်မြို့နယ်၊ ဟံလင်းကျေးရွာ၊တောင်ဘိုရပ်ကွက်တွင် နေထိုင်သော ဒေါ်အေးမှုံ(၈၇) နှစ်၊ ဒေါ်ညိုတုတ်(၇၀) နှစ်၊ ဦးမျိုး(၅၀) နှစ်နှင့်ဦးတင့်(၅၅) နှစ်တို့ ၄ ဦးသည့် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် pdf ၁၅ ဦးရောက်ရှိလာပြီး အဆိုပါ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-မတ်လ ၆ ရက်နေ့ ၀၆၁၅ နာရီချိန်တွင် ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းရှိ တံတားအရှည် ၁၂၀ ပေ အကျယ် ၁၄ ပေသံကူကွန်ကရစ်တံတားအား အကြမ်းဖက် KNU/PDF များမှ မိုင်းခွဲဖျက်ဆီးသွားခဲ့သဖြင့် တံတားကျိုးကျပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။

-မတ်လ ၆ရက်နေ့ ၁၄၄၀ နာရီချိန်တွင် မကွေးမြို့နယ်၊ ကန်သာကန်ဘောင်အနီးတွင် အကြမ်းဖက်သမား PDF တစ်ဦးမှ မိုင်းထောင်ရန်လာရောက်စဉ် လက်ဝယ်အတွင်းပေါက်ကွဲသွားခဲ့ပြီး သေဆုံးခဲ့ကြောင်းနှင့် ၎င်းအလောင်းအနီးမှ လက်လုပ်မိုင်း ၁ လုံးနှင့် ထက်ရှိုင်းအောင် အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်တစ်ခု ရရှိခဲ့ကြောင်း သိရှိရ။

-မတ်လ ၆ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် ပုလဲမြို့နယ်၊ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သော ဦးဖိုးကြည်(၇၃) နှစ်၏ နေအိမ်သို့ အကြမ်းဖက်သမားမောင်နိုင်ဦးစီး အင်အား ၃၀ ခန့်ရောက်ရှိလာပြီး နေအိမ်အတွင်းရှိ TOYOTA HILUX ယာဉ်အားယူဆောင်သွားခဲ့ပြီး ဦးဝင်းနိုင်၊ ဦးထွန်းနိုင်၊ ဒေါ်ချဉ်ဆူး၊ ဦးဌေးဦးနှင့် ဦးကြင်အောင်ထွေးပိုင်ဆိုင်သည့် နေအိမ်များအား အကြမ်းဖက်သမားများအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရ။