မတ်လ ၃၀ ရက်နေ့ တိုက်ပွဲသတင်းများ

မတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

မိုးမောက်မြို့နယ် စိန်လုံစခန်းသို့ နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက် ပူးပေါင်းအင်အား ၇၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ဟိုပင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KIA နှင့် PDF ပူးပေါင်းအင်အား ၁၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

KIA ထုတ် ၇၉ ခါးချိုး ၄၀ မမ ၁ လက် သိမ်းဆည်းရမိခဲ့။

ကရင်ပြည်နယ်

ဖာပွန်မြို့နယ် ဝှေဆန်ရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသာ တပ်ဖွဲ့ဝင်များနှင့် KNLA တပ်မဟာ(၅)၊ ရင်း(၁၀၂) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၈၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့။

အေကေ(၄၇) ကျည် ၆၁ တောင့်၊ ကျည်အိမ် ၄ ခု သိမ်းဆည်းရမိခဲ့။

ဖာပွန်မြို့နယ်အတွင်းရှိ ကုလားကိုင်စာသင်ကျောင်းနှင့် ဝှေနောင်စာသင်ကျောင်းနေရာများသို့ နေရာ ၄ နေရာမှ KNLA တပ်မဟာ(၅)၊ ရင်း(၁၀၂) နှင့် အကြမ်းဖက်သူပူးပေါင်းအင်အား ၁၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

တနင်္သာရီတိုင်း

တနင်္သာရီမြို့နယ် သမုတ်ချုံးကျေးရွာ မြောက်ဘက်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်အင်အား ၃၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့။

အကြမ်းဖက် ၂ လောင်း၊ အမ်(၁၆) ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၅၅ တောင့်၊ ကျည်အိမ် ၁ ခု၊ လက်လုပ် UAV ၂ စီး၊ DJI Drone ၁ စီး၊ လက်လုပ်မိုင်း ၆ လုံး၊ လက်လုပ် Drop Bomb ၉ လုံး၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

ကန့်ဘလူမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကန့်ဘလူမြို့အရှေ့မြောက်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာသို့အရောက် PDF အကြမ်းဖက် ၂၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

PDF ၄ လောင်း၊ လက်နက် ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၀ တောင့်၊ လက်လုပ်မိုင်း ၁၀ လုံး၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းရမိခဲ့။