မတ်လ ၁၃ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၁၁ ရက် ၂၃၃၀ နာရီတွင် ရေးမြို့နယ်၊ လမိုင်းမြို့၊ သောင်ပြင်ကျေးရွာတွင် နေထိုင်သော ဦးသန်းစိုး(၅၃)နှစ် သည် နေအိမ်၌ရှိနေစဉ်  PDF အကြမ်းဖက် ၃ ဦးသည် ဒုံဖီကျေးရွာဘက်မှ ရောက်ရှိလာပြီး လုပ်ကြံသတ်ဖြတ်ရန် ပြုလုပ်သဖြင့် ဦးသန်းစိုးမှ နေအိမ်အနောက်ဘက်သို့ ထွက်ပြေးစဉ် အကြမ်းဖက်သူများမှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဦးသန်းစိုး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့။

-မတ်လ ၁၂ ရက် ၀၉၀၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာတွင်နေထိုင်သော ဦးသန်းထွေး(၅၆) နှစ်သည် နေအိမ်၌ရှိနေစဉ် သရက်ချောင်းမြို့နယ် ဒေါင်းမင်း PDF ခေါင်းဆောင် စည်သူနှင့် အင်အား ၃၀ ဦးခန့်သည် Vigo မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးသန်းထွေးအား ဖမ်းဆီးကာ ကျောက်အိုင်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့။

-မတ်လ ၁၁ ရက် ၀၈၃၀ နာရီတွင် ကသာမြို့နယ်၊ မိဿလင်းကျေးရွာတွင်နေထိုင်သော အားဝူးမီး(၃၆)နှစ်၏နေအိမ်၌ တစ်ရွာတည်းနေ ဖြူဖြူသင်း(၃၄)နှစ်မှ အလည်အပတ်ရောက်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့်မှ လက်နက်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား သူလျှို/ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရ။