မတ်လအတွင်း ပြန်လည်ထိုးသတ်မယ့် ထွန်းထွန်းမင်းနဲ့ ပရွမ်စမ်နမ်

မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းဟာ ကမ္ဘောဒီးယား ခမာဖိုက်တာ ပရွမ်စမ်နမ်နှင့် ပြန်လည်ထိုးသတ်မယ် လို့သိရပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ် မတ်လအတွင်း  ကမ္ဘောဒီးယားနိုင်ငံရဲ့ ခွန်ခမာစည်းမျဥ်းအတိုင်း ထိုးသတ်သွား မှာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယား နိုင်ငံရဲ့ လက်ရှိချန်ပီယံ ပရွမ်စမ်နန် ဟာ 2023 Thai Fight ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဆီးဂိမ်းက လက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ဒိုင်အမှတ်နဲ့အနိုင်ယူခဲ့ကာ ရွှေတံဆိပ်ဆုရရှိခဲ့သူဖြစ်ပြီး ကစားသမားဘ၀ပွဲ ၁၆၃ ပွဲထိုးရာ ၁၅၀ ပွဲနိုင်၊ ၁၀ ပွဲရှုံး၊ ၃ ပွဲသရေ မှတ်တမ်းကို ပိုင်ဆိုင်ထားသူဖြစ်တယ်လို့ သိရပါတယ်။ ပရွမ်စမ်နမ် ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအတွင်းက ထွန်းထွန်းမင်းရဲ့ ပြိုင်ဘက်ဟောင်း ဒေ့ဗ်နှင့် ကမ္ဘောဒီးယားနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

crd;pan