မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ပျက်နေတာတွေပြင်ကြစို့

ကိုယ်မှားမှန်းသိနေတာဟာ
အကောင်းဘက်ဆီကိုသွားဖို့
အရိပ်အရောင် သန်းနေတာပါ ။

အမှားကိုပြင်နိုင်တယ်ဆိုရင်တော့
ကောင်းသွားပြီးလို့ ဆိုနိုင်ပါတယ် ။

ညစ်ပေနေတဲ့အ၀တ်တွေတောင်
လျော်လိုက်ရင် ဖြူစင်သွားပြီး
အသုံးတည့်သွားသေးတယ်ဆိုရင်

ဘ၀ရဲ့အမှားအညစ်ကြေးကိုလည်း
ကုသိုလ်ကောင်းမှုနဲ့ဆေးနိုင်ရင်
တန်းဖိုးရှိတဲ့ ဘ၀တွေဖြစ်လာမှာပါ ။

ယိုယွင်းပျက်စီးမှုကို
မပြင်ရင်တော့ ပျက်နေအုံးပါပဲ ။

ပျက်လျက်သွားနေမယ်ဆိုရင်လည်း
နစ်ပြီးတော့ ဆင်းရဲနေရအုံးမှာပါ ။

မကောင်းတဲ့ ဘ၀တွေမှာ
ကျင်လည်နေရမယ့်ဒုက္ခတွေဟာ

လတ်တစ်လော
ဆင်းရဲအကြပ်တည်းလောက်တော့
ဘယ်လိုမှ မကြီးမားနိုင်တဲ့အတွက်

ပျက်နေတဲ့ မိမိဘ၀ကိုပြင်ပြီး
ဘ၀တန်ဖိုးကို မြှင့်ကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏