မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ပိုကောင်းဖို့ ပိုကြိုးစားပါ

နှစ်သစ်မှာ
ပိုလို့အဆင်ပြေချင်တယ်ဆိုရင်
အရင်နှစ်တွေထက် ပိုကြိုးစားပါ ။

နှစ်သစ်မှာ
ပိုလို့အပူကင်းချင်တယ်ဆိုရင်
ကိလေသာတွေနည်းဖို့ ပိုကြိုးစားပါ ။

နှစ်သစ်မှာ
ပိုလိုကံကောင်းချင်တယ်ဆိုရင်
စိတ်ကောင်းတွေ များများပိုထားပါ ။

နှစ်သစ်မှာ
အသစ်တွေချည်းဖြစ်ချင်တယ်ဆိုရင်
အဟောင်းတွေကိုမစမိဖို့ ပိုကြိုးစားပါ ။

နှစ်သစ်မှာ ပိုပျော်ချင်တယ်ဆိုရင်
မလိုအပ်တဲ့ စိုးရိမ်မှုတွေကို
လျှော့နိုင်ဖို့ကြိုးစားထားသင့်ပါတယ် ။

ဆုတောင်းတာထက်
ကောင်းကံတွေဖြစ်ဖို့ လုပ်ဆောင်ပါ ။

မျှော်လင့်ချက်ဆန္ဒတွေနဲ့အိပ်မနေပဲ
ကြိုးစားမှုနဲ့ လျှောက်လှမ်းပါ ။

ဘာမှမလုပ်ပဲ
အလိုလိုချမ်းသာတယ်ဆိုတာ
ဗုဒ္ဓအဆုံးမမှာ ပြဌာန်းမထားပါဘူး ။

ကောင်းကျိုးတွေဖြစ်ဆိုရင်တော့
ကိုယ်တိုင်ပဲ အားကိုပြီး
အလုပ်ကောင်းတွေ ပြုကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏