မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကောင်းကံနှင့်မကင်းပါစေနဲ့

အဆင်ပြေမှုကို လိုချင်တယ်ဆိုရင်
ကုသိုလ်နှင့်ကင်းလို မရပါဘူး ။

ပေးကမ်းမှု ဒါနများရင်
ဘ၀ရပ်တည်ရေးမှာအဆင်ပြေတယ် ။

သီလစောင့်ထိန်းမှုအားများရင်
ဘ၀ချမ်းသာရေးမှာ ပြည့်စုံတယ် ။

ဘာ၀နာ လုပ်အားကောင်းရင်
စိတ်တည်ငြိမ် အေးချမ်းစေပါတယ် ။

ပါရမီကုသိုလ်ပြုတိုင်းမှာလည်း
သည်းခံမှု ခန္တီတရားတွေပါမှ
ကိုယ့်ကုသိုလ်ဟာအောင်မြင်ပါတယ် ။

ကောင်းတာဘယ်လောက်ပြုပြု
ကိုယ့်ကို မကြိုက်တဲ့သူကတော့
မကောင်းတာတွေနဲ့ တုန့်ပြန်နေမှာပါပဲ ။

ဘယ်အလုပ်ကိုပဲ လုပ်လုပ်ပါ
စိတ်စေတနာ မှန်နေဖို့သာလိုပါတယ် ။

စိတ်နှလုံးသွင်း ချော်သွားတာနဲ့
ပူလောင်မှုတွေဟာ ဝင်လာနိုင်သလို

ကောင်းတဲ့အရည်သွေးတွေဟာလည်း
ကျဆင်းသွားနိုင်တဲ့အတွက်ကြောင့်

စိတ်ထားတတ်ပြီးတော့
ကုသိုလ်အမြတ် ရဖို့ပဲကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏