မင်္ဂလာရှိသောနံနက်ခင်းလေးပါ

🌷ရင့်ကျက်မှုတွေပြည့်ပါစေ🌷

သိပ်မပြိုင်ချင်ပါနဲ့
မမြဲခြင်းတရားကကြည့်နေပါတယ် ။

သိပ်မရှိချင်ပါနဲ့
ပျက်စီးခြင်းတရားလိုက်နေပါတယ် ။

စိတ်သဘောထားမကျဥ်းပါနဲ့
အများကစိတ်ပျက်သွားနိုင်ပါတယ် ။

သိပ်မကြွားမိစေပါနဲ့
ကိုယ်မပြည့်သလိုဖြစ်သွားနိုင်တယ် ။

သိပ်မစွဲလန်းပါနဲ့
ကိုယ့်အတွက် စွန့်ဖို့ခက်နိုင်ပါတယ် ။

တိတ်တိတ်လေးနေပြီးတော့
မြင့်မြင့်လေးသာ ကြံတွေးလို့နေပါ ။

အလိုတွေများတာထက်
မလိုချင်အောင် လေးကျင့်ပေးပါ ။

မကျေနပ်စရာတွေချပြတာထက်
ကျေနပ်စရာတွေနဲ့ ပျော်နေကြည့်ပါ ။

စိတ်ချမ်းမြေ့တဲ့ဘ၀ကို
အသိဥာဏ်နဲ့ ဖော်ဆောင်ပြီးတော့

အကောင်းရိက္ခာထုပ်တွေနဲ့
အပြန်ခရီးအတွက် ပြင်ဆင်ထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏