ကံဆိုးမှုတွေ လာတဲ့အခါ..

ကံဆိုး ကံညံ့ တွေ အကျိုးပေးလာလို့ အဆင်မပြေ မှုတွေများလာတဲ့ချိန်မှာ ဘာနဲ့ကာကွယ်ရသလဲဆိုရင် ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ်

ဘုရားရဲ့ဂုဏ်တော် တွေကိုအာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကိုနှလုံးသွင်း ဆင်ခြင်ပြီး အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။

ပူဇော်ပြီးတဲ့အခါကိုယ် လုပ်တဲ့ကုသိုလ်ကောင်းမှုကိုကိုယ် မမြင်ရတဲ့သတ္တဝါတွေကိုယ့်အနီးအပါး မှာ ရှိတဲ့ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေကို အမျှအတန်းပေးဝေရမယ်။

အဲဒီ အမျှအတန်းပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့ ကမိတ်ဆွေ ဖြစ်သွား တယ်။ ခင်မင်ရင်းနှီးမှု တွေရလာတယ်။

မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ်အန္တရာယ် မရောက်အောင်သူတို့က ကြည့်ရှုပေးတယ်။ 🙏🏻🙏🏻🙏🏻

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ