မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

အမှတ်ရစရာ ရတနာ

ဘုရားကို အမှတ်ရနေရင်
တန်ခိုးတွေဟာ ကြီးထွားနေတယ် ။

တရားကို နှလုံးသွင်းနေရင်
စိတ်အေးချမ်းမှုတွေ ရနေတယ် ။

သံဃာကို သတိရပူဇော်နေရင်
စည်းစိမ်းတွေ တိုးပွားလာပါတယ် ။

တစ်နေ့တာကို
ရတနာနဲ့ မတွေ့တဲ့သူတွေကတော့
ဆုတ်ယုတ်ပြီးတော့ နစ်နာပါတယ် ။

သရဏဂုမ်သာမြဲရင်
ကုသိုလ်တွေလည်းဖြစ်ထွန်းသလို
အပါယ်တံခါးလည်း ပိတ်နိုင်ပါတယ် ။

သွားသွား လာလာ ရွက်သွားရင်ပဲ
နှုတ်၀စီ ကုသိုလ်ရသလို
အတွေးကိလေသာလည်းငြိမ်းပါတယ် ။

ပကတိရတနာတွေဟာ
တစ်ဘ၀အတွက်ပဲတာ၀န်ယူပါတယ် ။

ရတနာသုံးပါးကတော့
တမလွန်သံသရာအထိပါတာ၀န်ယူလို့
ယုံကြည်စွာ ကိုးကွယ်ဖို့လိုပါတယ် ။

           သာရ ဂ ဝေ သီ