မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ခွန်အားအဖြစ်အသုံးချလိုက်ပါ

ကိုယ့်မပြည့်စုံတဲ့
အရာတွေကိုပဲ ကြည့်ပြီး
စိတ်ဓာတ်ကျမနေလိုက်ပါနဲ့

ကိုယ့်အားနည်းတဲ့
အချက်တွေကိုပဲ ကြည့်ပြီး
စိတ်ညစ်မနေလိုက်ပါနဲ့

ကိုယ့်အဆင်မပြေတဲ့
အကြောင်းတွေပဲ တွေးပြီး
အချိန်ကုန်ခံမနေလိုက်ပါနဲ့

ကိုယ့်လိုအပ်တဲ့
အရာဝတ္ထုတွေကို စဉ်းစားပြီး
အလုပ်မလုပ်ပဲ တွေဝေမနေလိုက်
ပါနဲ့

လောကမှာ
ဘယ်သူမှ ပြီးပြည့်စုံတယ်မရှိပါဘူး
လိုအပ်ချက်တွေနဲ့
ရှင်သန်နေတဲ့သူတွေများပါတယ်

ကိုယ့်ရဲ့လိုအပ်ချက်တွေကို
ခွန်အားအဖြစ် အသုံးချလိုက်ပါ

ကိုယ့်မှာရှိတဲ့
ပြည့်စုံခြင်းတွေ ၊ အားသာချက်တွေကိုသေသေချာချာ အသုံးချပြီးတော့

ကိုယ်မျှော်လင့်ထားတဲ့ အရာတွေ
ကိုယ့်ရည်မှန်းချက်တွေ ပြည့်အောင်လုပ်ပါ။

🙏အရှင်ဇဝန(ရွှေကုန်းမြေ)🙏