မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ထီထိုးရင်
ပေါက်မယ်လို့
စိတ်ကူးယဉ်ဖူးတယ် ။

ယနေ့ ၊ မနက်ဖြန် ၊ လကုန်
သေရတော့မှာပါလားလို့
တစ်ခါမှ မတွေးခဲ့ကြဘူး ။

ငွေရှိရင်
အလှူကြီးလှူမယ်လို့
စိတ်ကူးယဉ်ဖူးတယ် ။

ငွေမကုန်ဘဲ
ဘုရားဂုဏ်တော်
ငါးပါးသီလ
နေ့တိုင်း ပွား/ကျင့်မယ်လို့တော့
အဓိဋ္ဌာန် မချခဲ့ကြဘူး ။

🙏 မဟာဗောဓိမြိုင်ဆရာတော်ကြီး🙏