မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌺လူသားဆန်တဲ့သူ ဖြစ်ပါစေ🌺

မချမ်းသာချင်ရင် နေပါစေ
မကောင်းတဲ့စိတ်နဲ့တော့လူမလုပ်ပါနဲ့ ။

ကံသတ္တိဆိုတာ တစ်ဘ၀ထဲရှိပြီး
ပျောက်ကွယ်သွားတာမျိုးမဟုတ်ပါဘူး ။

နောင်သံသရာအထိ
အရိပ်သဖွယ် ရှိနေမယ်ဆိုတာသိပါ ။

သူများမျက်ရည်ကျမှ
ကိုယ့်ဘ၀အေးမြရမှာမျိုးမလိုချင်ပါနဲ့ ။

သူများဘ၀တွေပြိုမှ
ကိုယ့်ဘ၀ ရပ်တည်ရမှာမျိုး မဖြစ်စေနဲ့ ။

မတည်မြဲတဲ့ ရှင်သန်မှုဘ၀မှာ
အရိပ်မည်းတစ်ခု မကျန်အောင်နေပါ ။

ဘ၀ကို ဥာဥ်ဆိုးအတိုင်းမသွားပါနဲ့
ကောင်းချင်တယ်ဆိုရင် ဥာဏ်လေးနဲ့
ကိုယ့်ကိုယ်ကို ပြုပြင်ပေးပါ ။

ဘ၀နေ၀င်ချိန်မှာ ကိုယ့်အရိပ်တွေဟာ
ပေါ်လာနိုင်လို့ သတိကပ်ပြီးတော့
ကိုယ့်လိပ်ပြာသန့်အောင်သာ နေထိုင်ပါ ။

ကိုယ်ရထားတဲ့
အခွင့်ရေး အသုံးဆောင်တွေဟာ
အသက်ရှူမရပ်ခင်လေး ပိုင်ရတာဖြစ်လို့

အတ္တလည်းမဆန် မာနတွေမထန်ပဲ
လူသားဆန်ပြနိုင်ဖို့သာ ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏