မင်္ဂလာမနက်ခင်းလေးပါရှင်

ဘဝကိုပျော်ရွှင်ခြင်းတွေနဲ့ပဲ
နေတော့မယ်ဆိုရင်
နာကျင်မှုတွေကိုမေ့ပစ်လိုက်ပါ ။

ဘဝကို အကျိုးရှိတာတွေနဲ့ပဲ
အချိန်ကုန်စေတော့မယ်ဆိုရင်
အကျိုးမရှိတာတွေကိုစွန့်လွတ်ပါ ။

ဘဝကိုလွတ်လပ်မှုတွေနဲ့ပဲ
ဖြတ်သန်းတော့မယ်ဆိုရင်
ချည်နှောင်မှုကိုဖြတ်တောက်ပါ ။

ဘဝကိုတည်ငြိမ်မှုတွေနဲ့ပဲ
ရပ်တည်တော့မယ်ဆိုရင်
မချမ်းသာစေတဲ့အတွေးကိုဖယ်ပါ ။

ဘဝကို အဓိပ္ပါယ်ရှိရှိနဲ့
ကုန်သွားစေတော့မယ်ဆိုရင်
ကောင်းမှုကုသိုလ်တွေပဲ ပြုနေလိုက်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏