တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ၊ စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ ဘာသာရေးအဆောက်အဦများ၊
ဆေးရုံများ၊ အများပြည်သူသွားလာသော လမ်းများ၊ ပန်းခြံများနှင့် အများနှင့်ဆိုင်သောနေရာများအား သန့်ရှင်းသာယာလှပစေရေး
တိုအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြိုအပါအဝင် မြို့နယ်(၁၀)
မြို့နယ်တို၌ အောက်တိုဘာလ ၈ ရက်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ
မီးသတ်တပ်ဖွဲ့ဝင်များ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများမှ
စုပေါင်း၍ ပေါင်းမြက်များရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်
ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း ခြင်ဆေးဖျန်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။