မင်းလယ်ကျေးရွာအဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA များက ကျေးရွာရှိနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့

နိုဝင်ဘာ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာအဝင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့
KIA၊ PDF အကြမ်းဖက်သမားပူးပေါင်းအင်အား ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ
KIA များသည် ကျေးရွာနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် ကျေးရွာနေအိမ် ၃၈ လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်..
ဖြစ်စဉ်အတွင်းမှ-
-၆၀ မမဗုံးသီး ၄ လုံး
-ပြောက်ကျားယူနီဖောင်း ၁ စုံ
-ပြောက်ကျားဦးထုပ် ၁ လုံး
-လမ်းလျှောက်စကားပြောစက် ၁ လုံး
-အိုင်ကွန်တိုင်ရှည် ၁ ချောင်း
-အားသွင်းခုံ ၂ ခု
-သစ်လုံးဘန်ကာ ၁ လုံး
-ပစ်ကျင်း ၆ ကျင်း သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…