မကာအိုနဲ့ ဒု-အကျော့ပွဲစဉ်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ ယှဉ်ပြိုင်မည်

အောက်တိုဘာ ၁၇ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မကာအိုအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဒု-အကျော့)ပွဲစဉ်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ကစားမယ်လို့ မြန်မာ့လက်ရွေးစင်နည်းပြချုပ် မိုက်ကယ်နဲ့ ကွင်းလယ်ကစားသမား ကျော်မင်းဦးတို့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မကာအို-မြန်မာပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ၁၆ရက်(ယနေ့) မှာပြုလုပ်ခဲ့တာဖြစ်ပြီး ပထမအကျော့မှာတော့ မြန်မာအသင်းက အိမ်ကွင်းမှာ ၅-၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားပါတယ်။

ဒုတိယအကျော့ပွဲစဉ်ကိုတော့ အောက်တိုဘာ ၁၇ရက်၊ မြန်မာစံတော်ချိန်ညနေ ၆နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။