ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ် ၁၀၉၅ စင်တီမီတာသို့ ရောက်ရှိ

လက်ရှိ ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အိမ်ခြေ (၁၇၇၁) လုံး ရေဘေးသင့်နေပြီး၊ အိမ်ထောင်စု (၁၇၇၈) စု၊ လူဦးရေ (၈၃၃၅) ဦး မှာ ရေဘေးရှောင်စခန်း (၂၇) ခုတွင် ယာယီနေထိုင်နေကြရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံကသိရှိရပါတယ်။

လတ်တလောမှာတော့ ဘီးလင်းမြို့ပေါ်နဲ့ ကျေးရွာကြီးတချို့မှာ ရေဘေးရှောင်စခန်းတွေ ဖွင့်ပေးထားရတယ်။ မိုးကလည်းရွာနေတုန်းဖြစ်သလို၊ တောင်ကျရေကလည်း ဆင်းနေတုန်းဘဲ။ ဒီပုံစံအတိုင်းဆိုရင် ရေကြီးရေလျှံမှုက ပိုများနိုင်တယ်” ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက  ပြောကြားထားပါတယ်။

CRD;